မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြစ်သား ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝါဝါစန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဘက်စုံသားဖွားဆရာမ ဒေါ်ဝင်းဌေးက ကလေးသူငယ်များ သွားမှန်မှန်တိုက်၍ သွားကျန်းမာရေးဂရုစိုက်နိုင်ရန်အတွက် “ကလေးငယ်နှင့်သွားတိုက်ချိန်” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခိုင်စိုးသန်းက ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးမိဘပြည်သူအားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြားကာ၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဒေါ်ဝါဝါမြင့်က ကလေးသူငယ်များကို အတင်းအကြပ်အလုပ်ခိုင်းစေခြင်းမပြုစေရန်အတွက် “ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့်