ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ညောင်တုန်း ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးခြင်းဖြစ်၍ နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန် လုပ်ငန်းရှင်များမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်‌ပေးကြရန် အဖွင့်အမှာစကားပြောကြား၍ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေကြီးကြပ်မှုကော်မတီအတွင်းရေးမှူးက ချေးငွေကိစ္စရပ်များကို ရှင်းလင်း‌ပြောကြားပြီး  ၂၀၂၄-၂၀၂၅ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း (၂၅၀၀)အား လုပ်ငန်းရှင်များထံသို့ စာချုပ် ချုပ်ဆိုပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)