ကချင်ပြည်နယ် အမျိုးသမီး‌ရေးရာအဖွဲ့၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဇွန် ၂၉

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းက အမှာစကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်က အဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အဖွဲ့အတွင်းရေးမှူး ဒေါ်ခေါန်ထယ်က ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ရှေ့လုပ်ငန်းဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို တင်ပြမှုများကို နာယက၊ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)