အထက်မင်းလှ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ တက္ကသိုလ်အဆင့်ကျောင်းသား၊ ကျောင်းသူ (၈) ဦးအား တစ်ဦးလျှင် (၃၀၀၀ဝိ/)၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၄) ဦးအား တစ်ဦးလျှင်(၂၀၀၀ဝိ/)၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးအား တစ်ဦးလျှင် (၁၅၀၀ဝိ/)၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးအား တစ်ဦးလျှင်(၁၀၀၀ဝိ/)နှုန်းဖြင့် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၆၂)ဦးအား ထောက်ပံ့ငွေကျပ် (၉၉၅၀၀ဝိ/)နှင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် (၂)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦးအား (၁၀၀၀၀ဝိ/) စုစုပေါင်း(၁၀၉၅၀၀ဝိ/)တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ဝန်ထမ်းသား၊ သမီး၊ ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)