ချောင်းဆုံ ဇွန် ၂၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ လာမည့်ဇူလိုင်လ(၆)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးဆောင်ကာ ရတနာထွန်း(လယ်/ထွေ)သမဝါယမအသင်းလီမိတက်၏ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုဒွန်းကျေးရွာ သီဟိုဠ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ထွေးက အဖွင့်အမှာစကား ပြောကြားကာ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ရတနာထွန်း (လယ်/ထွေ) သမဝါယမအသင်းလီမိတက် (ဥက္ကဋ္ဌ) ဦးထွန်းရီနှင့် တာဝန်ရှိသူများမှ တက်ရောက်လာကြသည့် အသင်းသား(၈၀)ဦးတို့အား တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းရှစ်သိန်းကျပ်ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)