ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အထက်မင်းလှ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က၂၀၂၄-၂၀၂၅ ခုနှစ်၌ သီးနှံများ စိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုး ရေးအတွက်လျာထားချက်ပြည့်မီ‌အောင်ဆောင်ရွက်ရန်၊ သီးနှံစိုက်ပျိုးမှုဧကမှန်ကန်ရေး စိုက်ပျိုး‌ရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ဖွဲ့တွင် ပါဝင်သည့်ဌာနဆိုင်ရာများမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် သက်ဆိုင်ရာတိုက်နယ်အလိုက်ကွင်းဆင်း ဆောင်ရွက်ကြရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ အပူဒဏ်ကာကွယ်ရေးအတွက် သစ်ပင်စိုက်ပျိုးကြရန်၊ မကြာမီကာလတွင် အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ရန် စိုက်ပျိုးစရိတ်ချေးငွေများပြန်လည်ပေးဆပ်ကြရန် ကျန်ရှိနေသူများ ပြန်လည်‌ပေးဆပ်ကြရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေး၊ အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများကို အကြံပြုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)