မူဆယ်မြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

မူဆယ် ဇွန် ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်၊ ဘိုးဘွားရိပ်သာဘေး ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက် (၉) နာရီက ပြုလုပ်သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်နှင့် သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ပြီး မန်ဂျပ်ရှား(၉၀)၊ ခါတော်မှီ (၉၀) ၊ တပေါင်းပန်း (၇၀)၊ တပြေဘူတ (၇၀)၊ ကံ့ကော် (၆၀)၊ ခရေ (၆၀)၊ စိန်ပန်းနီ (၆၀) ပျိုးပင်ပေါင်း (၅၀၀) ပင်အား စုပေါင်းစိုက်ပျိုးကြ ကြောင်းသိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)