တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၅ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် 

ထားဝယ် ဧပြီ ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက သင်္ကြန်ယိမ်းအကအဖွဲ့ (၈)ဖွဲ့အား တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေကျပ် (၁၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ စုစုပေါင်းကျပ် (၁၂၀)သိန်းအား ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်အောင်မြင်စွာ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ ၁၃၈၅ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ပျော်ရွင်စွာ သံပြိုင်သီဆိုကပြ၍ ရုတ်သိမ်းလိုက်ပြီး တေးသံရှင်များနှင့် တေးဂီတအဖွဲ့များက ပြန်လည်သီဆိုကပြဖျော်ဖြေရာ ဒေသအတွင်းမှ ဒေသခံပြည်သူများက စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်ကြည့်ရှု၍ ပါဝင်ဆင်နွှဲလျက်ရှိသည်။

ထို့အတူ ရွှေဝယ်ပိတောက်ရေကစားမဏ္ဍပ်နှင့် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များတွင် တေးသံရှင်များနှင့် တေးဂီတအဖွဲ့များက သီဆိုကပြဖျော်ဖြေလျက်ရှိရာ ဒေသခံပြည်သူများ လာရောက်ကြည့်ရှု၍ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)