တိုက်ကြီး ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေ ၄ နာရီက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ရန်ကုန်-ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ၁၃၈၅ ခုနှစ်၊ တိုက်ကြီးမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားတွင် အမှာ စကားပြောကြားသည်။ ဆက်လက်၍ ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့များ၊ မြန်မာ့ ဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်းကြေညာပေးကာ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေသည်။
တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အား ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြီးမှူး၍ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့တို့ဖြင့် ကပြ ဖျော်ဖြေခြင်း၊ မြန်မာ့ဆိုင်းဝိုင်း၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာ ကျွေးမွေးခြင်း အစီအစဉ်များ၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးနှင့် ရေပက်ခံ ထွက်နိုင်စေရေးတို့အတွက် သင်္ကြန်ပွဲတော်ကာလအတွင်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
စန်းကလျာခိုင် (ပြန်/ဆက်)