တောင်ငူမြို့၌ ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနား ကျင်းပ

တောင်ငူ ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား “မန်းတောင်ရိပ်ခိုသီချင်းဖြင့် အောင်မြင်စွာပိတ်သိမ်းခဲ့ကြသည်။

တောင်ငူမြို့၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်တေးသီချင်းများ၊ DJ စတိတ်ရှိုးအစီအစဥ်များဖြင့် သင်္ကြန်ကာလအတွင်း နေ့စဥ် နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအထိနှင့် ညနေ ၄ နာရီအချိန်မှ ၆ နာရီအထိ သီဆိုဧည့်ခံဖျော်ဖြေခဲ့ပြီး ဒေသခံပြည်သူများမှ အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။ လာရောက်ရေကစားကြသော ပြည်သူများအား ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှပူးပေါင်း၍ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် သင်္ကြန်အကြိုနေ့မှ စတင်ကာ နေ့စဥ်ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)