မြန်အောင် ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်မာ့ရိုးရာယဉ် ကျေးမှုနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုစွာကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ကာလအတွင်း ဖျော်ဖြေခဲ့သောယိမ်းအဖွဲ့များနှင့် တီးဝိုင်းအဖွဲ့များအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း နှင့်ဇနီး မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေး အပ်ခဲ့ပြီး မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က နှစ်သစ်ကူးမင်္ဂလာနှုတ်ခွန်းဆက်ဆုတောင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ တီးဝိုင်းအဖွဲ့က တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကာ မြန်အောင်ခရိူင် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)