စစ်တွေ ဧပြီ ၁၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ယိမ်းအကအဖွဲ့များ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗဟိုမဏ္ဍပ်တွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည် နယ်သယံဇာတ ရေးရာဝန်ကြီး ကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီးကိုယ်စားပြု ယိမ်းအကအဖွဲ့၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည်နယ်တိုင်း ရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးကိုယ်စား ပြုယိမ်းအကအဖွဲ့၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု ယိမ်းအကအဖွဲ့တို့မှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရဖွဲ့ဝင်များနှင့် ဇနီးများက ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများသည် ဗဟိုမဏ္ဍပ်အနီးရှိ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်တွင် ပျော်ပျော်ပါးပါးရေကစားကြပြီး ပြည်နယ်ဝန်ကြီးများ ကိုယ်စားပြု စတုဒိသာမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုကာ အတာရေများပက်ဖျန်း ပေးကြသည်။
ဆက်လက်၍ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များက “ပျို့အလှနန့်ခါသင်္ကြန်”၊ “အိမ် မက်စေတမန်” တေးသီချင်းများဖြင့် ကပြဖျော်ဖြေကာ ဗဟိုမဏ္ဍပ် အား အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)