အမြို့မြို့အနယ်နယ်သတင်းများ

Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
Apr 10,2024
မွန်ပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငန်းတေးဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဝန်းထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ”၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှုရှင်များနှင့် ဖိတ်ကြား​ထားသော ဧည့်သည်တော်များ တက်ရောက်သည်။
Apr 10,2024
နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ရှေးဦးပြုစုခြင်းအခြေခံအဆင့်(အကျဉ်းချုံး) သင်တန်းအား ယနေ့နံနက် ၇ နာရီက ချောင်းသာမြို့ ကြက်ခြေနီအသင်းခွဲငယ်ရုံး၌ ဖွင့်လှစ်သင်ကြား ခဲ့ကြောင်း သိရသည်။
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ ဘောမိကျေးရွာအုပ်စုတို့တွင် မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်   ဒေသခံပြည်သူတို့ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ယမန်နေ့နံနက်(၈)နာရီက ဘောမိကျေးရွာအုပ်စု ဂျိတ်လက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ (၁၁)နာရီအချိန်က ဘောမိကျေးရွာအုပ်စု ဘောမိကျေးရွာဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ မွန်းလွဲ(၂)နာရီအချိန်က မကျီးဇင်ကျေးရွာအုပ်စု၊ ဂျိုင်လယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ညနေ(၄)နာရီအချိန်က မကျီးဇင်ကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြသည်။
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းသို့  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ  စာရေးကိရိယာနှင့် အလှူငွေထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူတာရပ်ကွက် ဓမ္မာရုံတွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။