ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ ဘောမိကျေးရွာအုပ်စုတို့တွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံ ပြည်သူတို့တွေ့ဆုံပွဲပြုလုပ်

ရွှေသောင်ယံ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ ဘောမိကျေးရွာအုပ်စုတို့တွင် မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်   ဒေသခံပြည်သူတို့ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ယမန်နေ့နံနက်(၈)နာရီက ဘောမိကျေးရွာအုပ်စု ဂျိတ်လက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ (၁၁)နာရီအချိန်က ဘောမိကျေးရွာအုပ်စု ဘောမိကျေးရွာဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ မွန်းလွဲ(၂)နာရီအချိန်က မကျီးဇင်ကျေးရွာအုပ်စု၊ ဂျိုင်လယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ညနေ(၄)နာရီအချိန်က မကျီးဇင်ကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းသန့်နိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှ လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်း ဆောင်တာများကိုပြောကြားပြီး  ပြည်သူများမှ တင်ပြလာသော ဒေသလိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းသန့်နိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွှေသောင်ယံမြို့ မကျီးဇင်၊ ဘောမိကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ တွေ့ဆုံပွဲပြုလုပ်ရာကျေးရွာများရှိ ပြည်သူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

R-010 ရွှေသောင်ယံ