တပ်ကုန်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ဆိုင်ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ဆီမီးလောင်မှုသရုပ်ဖော် လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များ ဆောင်ရွက်

တပ်ကုန်း ဧပြီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် ဆိုင်ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် ဆီမီးလောင်မှုသရုပ်ဖော် လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များဆောင်ရွက်ခြင်းကို  ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က မီးလောင်မှုအခြေအနေများ၊ မီးငြှိမ်းသတ်နည်းလမ်းများ၊ မီးသတ်ဆေးဗူး အသုံးပြုနည်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တတ်သည့်အကြောင်းများ ၊ မီးသတ်ဆေးဗူးလက်တွေ့ ကိုင်တွယ်ပက်ဖျန်းခြင်း၊ သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီး နောက် ဆောင်ရွက်ရမည့်နည်းလမ်းများ ရှင်းလင်းပြောကြားခဲ့ပြီးနောက်  ဆီမီးလောင်မှု သရုပ် ဖော် လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး၊ တပ်ကုန်းမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၂၄ ဆိုင်မှ တစ်ဆိုင်လျှင် ဝန်ထမ်းနှစ်ဦးနှုန်းဖြင့် စက်သုံးဆီ အရောင်းဝန်ထမ်း ၄၈ ဦး တက်ရောက်ကြောင်း သိရသည်။

တင်စိုးလွင်