မော်လိုက်မြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မော်လိုက် ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၄ ခုနှစ် ခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပညာ‌ရေးမှူး ဒေါ်မာမာအေးက သင်တန်းပို့ချရခြင်း အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို ဧပြီလ ၈ ရက်နေ့မှ မော်လိုက်မြို့နယ် အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်း များကို ကျေးရွာအုပ်စု ၂ စုတွင် စာသင်ဝိုင်း ၃ ဝိုင်းတို့တွင် နည်းပြ ၇ ဦး၊ ကြီးကြပ် ၂ ဦးနှင့် သင်တန်းသား/ သင်တန်းသူ ၄၁ ဦး သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)