ရန်ကုန်အရှေ့ပိုင်းခရိုင် community centre ခန်းမ ၌ “ပုံပြင်ပြောပြိုင်ပွဲနှင့်‌ ဆေးရောင်ခြယ်ပြိုင်ပွဲ” ပြုလုပ်

သင်္ဃန်းကျွန်း ဧပြီ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ဖွံဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ကလေးငယ်များအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲ အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာဗဟုသုတများ ရရှိလာစေရန်နှင့် ကလေးငယ်များအား အရောင်ရွေးချယ်တတ်စေရန်၊ ဉာဏ်ရည်ထက်မြက်တိုးတက်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ‌‌စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲတွင် နွေရာသီ‌ကျောင်းပိတ်ရက်၌ အားလပ်ချိန်များတွင် စာကြည့်တိုက်ကိုလာရောက်သည့် ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကျင်းပဆောင်ရွက်ခဲ့ပြီး ဆုရရှိသော ကျောင်းသား/ ကျောင်းသူများကို ‌အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သိန်းအောင်