တမူးမြို့တွင် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တမူး ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲနှင့် လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူး ကျော်သူတို့က အမှာစကားပြောကြားခဲ့ပြီး ခေတ္တမြို့နယ်ပညာရေးမှူး ဦးကျော်သက်မင်း က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ သင်တန်းကြီးကြပ်ရေးဆရာနှင့် သင်တန်းနည်းပြ ဆရာ/ ဆရာမများ၊ သင်တန်းသား/သူ များ တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာသင်ဝိုင်း(၇) ဝိုင်းဖြင့် သင်တန်းသား/သူ (၁၃၂)ဦးတို့ အား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ