ဝါးခယ်မ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား အခြေခံစာတက်မြောက်စေရေး စာဖတ်ဝိုင်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့သင်ကြားပို့ချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးလျက်ရှိရာ ဝါးခယ်မမြို့နယ်တွင် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့်သူများ လူမှုဘဝမြင့်မားစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ ထုတ်ဝေသောအခြေခံမြန်မာစာ ဘာသာရပ်၊ အခြေခံသင်္ချာဘာသာရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သင်တန်းကြီးကြပ် ဆရာ၊ ဆရာမ(၁၃)ဦး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၁၃၀) ဦးတို့မှ စာသင်သားဦးရေ(၁၇၉၅)ဦးတို့အား သင်တန်းကာလ ဧပြီလ(၈)ရက်မှ မေလ (၁၉) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)