Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘိုကလေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် ပိုက်ချက်များ တင်ဒါစနစ်ဖြင့် ရောင်းချ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ချိုကြည်သာသနာ့ ဗိမာန်တော်ကြီးအတွင်းတွင် ယနေ့နံနက်(၁၀)နာရီ အချိန်၌ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် ပိုက်ချက်များ တင်ဒါစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကျင်းပ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်အတွင်း နွေရာသီကာလတွင် ရေအခက်အခဲမဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း
Apr 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း နွေရာသီကာလတွင် ရေအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်တော်သာရပ်ကွက် သာသနာ့ဗိမ္ဗာန်တော်ရှိ သံဃာတော်များထံသို့ ယမန်နေ့မွန်းလွဲပိုင်းက သောက်သုံးရေများလှူဒါန်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်မှ စတင်၍ ကန်ကြီးထောင့်မြို့နယ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က ဆက်လက်ဖြဆို လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Apr 04,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာနရုံးသို့သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း ပိုစတာ၊ကွန်ပျူတာ ပန်းချီ ပြိုင…
Apr 04,2024
၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၃ ရက်နေ့၊ ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က အဖွင့်အမှာ စကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပုံတူ ပန်းချီ ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Apr 04,2024
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရယ်ရွယ်ပြီး အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးခဲ့ရာ ပုံတူပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များအား ဖူးမြော်ကြည်ညို
Apr 04,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့ပြီး နဝကမ္မဝတ္ထုငွေများလှူဒါန်းခဲ့ကာ စာဖြေသံဃာများ၊ ကြီးကြပ်ဆရာတော်များ လိုအပ်သည်များနှင့် ဝေယျာဝစ္စများအဆင်ပြေမှုရှိစေရေး သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5222
Page
5223
Page
5224
Page
5225
Current page
5226
Page
5227
Page
5228
Page
5229
Page
5230
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department