ကျောက်တန်း ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ ပန်းချီပညာတက်ရောက်စေရန်ရည်ရွယ်ပြီး အခြေခံပညာပန်းချီသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၀နာရီက Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း ကသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာမဒေါ် ကြည်စုရတီမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းချီအခြေခံပညာကို စတင်သင်ပြပေးခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်း သူ (၂၀) ဦးတို့က စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရပ်များတွင် ကျောင်းသား၊ ကျောင်းသူများအား သင်တန်းများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကို သိရှိရသည်။
နေလင်းကျော် (ပြန်ဆက်)