လပွတ္တာမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲများ ဆက်လက်ဖြေဆို

လပွတ္တာ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့အဖြစ် ယနေ့မွန်းတည့် (၁၂) နာရီကမြို့မ(၆)ရပ်ကွက်ရှိ တာဝတိံသာ တန်ဆောင်းတော်ကြီးအတွင်း၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ စာမေးပွဲကို လပွတ္တာမြို့နယ် သံဃနာယက ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း (၁၃)ပါး၊ ပထမလတ်တန်း(၁၁)ပါး၊ ပထမငယ်တန်း (၂၉)ပါးနှင့် အခြေပြုမူလတန်း (၄၂)ပါး စုစုပေါင်းစာရင်းရှိ (၉၅)ပါးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပျက်ကွက်(၉)ပါး ဖြစ်ကြောင်း သိရသည်။ယင်းစာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေ့စဉ်နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ စာမေးပွဲဖြေဆိုကြရမည် ဖြစ်သည်။ စာဖြေသံဃာတော်များအဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့်နေ့ဆွမ်း၊ အအေးများကို ဌာနဆိုင်ရာများ၊ အလှူရှင်များက လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

မူမူ(ပြန်/ဆက်)