ချောင်းဆုံမြို့နယ်တွင် နွေးစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် စိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက်

ချောင်းဆုံ  ဧပြီ  ၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေးစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ချောင်းဆုံအနောက်ရပ်ကွက် ကွင်းအမှတ်-၇၁၃/၁၊ ဦးပိုင်(၃၂/၇)ရှိ စိုက်ဧက(၅)ဧကတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ နည်းပညာပေးဆွေးနွေးပွဲတွင် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးကျော်လွင်က  နွေးစပါးစိုက်ပျိုးရာတွင် မျိုးစေ့ချကိရိယာများနှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူများအား ရှင်းလင်းပြောကြားခဲ့ပြီး ကောက် စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် (GW-11)အထွက်တိုး နွေစပါးစံပြကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအစိုတင်း (၁၂၀) တင်းရ၍ စပါးအခြောက်တင်း (၁၀၀)တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)