မိုင်းယုမြို့၌ စာပေချစ်မြတ်နိုးသူများထံ စာအုပ်များဌားရမ်းပေး

မိုင်းယု ဧပြီ ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်သူများ စာအုပ်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို စာပေချစ်မြတ်နိုးသူများထံ ယနေ့န့နက်ပိုင်းက ငှားရမ်းပေးခဲ့သည်။

စာဖတ်သူများထံ စနစ်တကျငှားရမ်းနိုင်ရေးအတွက် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသပေးကာ စာဖတ်သူတစ်ဦးလျှင် သုတ/ရသ(၂)အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှားရမ်းပေးခဲ့ခြင်းဖြစ်ပြီး ငှားရမ်းဖတ်ရှုပြီးသည့် စာအုပ်များအား ပြန်လည်အပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယခုနွေအခါ ကျောင်းပိတ်ရာသီ၌ ကျောင်းသားနှင့် မိဘပြည်သူများ အချိန်ကိုတန်ဖိုးရှိစေရန်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများကို နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်