မော်လိုက်မြို့၌ ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မော်လိုက် ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ ၂၀၁၀ ပြည့်နှစ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၆ ရက်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဗိုလ်မှူး ရဲနောင်ဌေးက  ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်းဉပဒေပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ရဲမှူး ခင်မောင်ကျာ်က ၂၀၁၀ ပြည့်နှစ်ပြည်သူ့စစ်မှုထမ်းဉပဒေ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)