သာပေါင်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ ဧပြီလ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အစိုးရပါဠိပထမပြန်စာမေးပွဲ စတုတ္တနေ့ဆက်လက်ကျင်းပလျက်ရှိသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲ မေးခွန်းလွှာများကို စာဖြေဌာနထပ်ဆင့်ကြီးကြပ်ဆရာတော်ထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်း ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်းတို့မှ ဆက်ကပ်ခဲ့ပြီး စာဖြေဌာနထပ်ဆင့်ကြီးကြပ်ဆရာတော်၊ ကြီးကြပ်ရေးဆရာတော်သံဃာတော်များနှင့် စာဖြေ သံဃာတော်တို့ကို မြို့နယ်ဌာနဆိုင်ရာများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ စာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပကြရာ စာဖြေဌာနထပ်ဆင့်ကြီးကြပ်ဆရာတော် (၂)ပါး၊ ကြီးကြပ်ရေးဆရာတော် သံဃာတော်(၁၀)တို့၏ ကြီးကြပ်မှုဖြင့် စာဖြေသံဃာ ပထမကြီးတန်း စာရင်းရှိ (၆)ပါး၊ ဖြေဆို(၆)ပါး၊ ပျက်ကွက်မရှိ၊ ပထမလတ်တန်း စာဖြေ(၈)ပါး၊ ဖြေဆို(၇)ပါး၊ ပျက်ကွက်(၁)ပါး၊ ပထမငယ်တန်း စာဖြေ (၁၀)၊ ဖြေဆို(၁၀)၊ ပျက်ကွက် မရှိ၊ အခြေပြုမူလတန်း စာရင်းရှိ(၁၈)ပါး၊ စာဖြေ(၁၇)ပါး၊ ပျက်ကွက်(၁)ပါး၊ ပေါင်းစာဖြေသံဃာစာရင်းရှိ (၄၂)ပါး၊ စာဖြေ(၄၀)ပါး၊ ပျက်ကွက်(၂)ပါးတို့က စတုတ္တနေ့ တိကမာတိကာ၊ ဒုတိကမာတိကာနှင့်ဓာတုကထာ၊ သုတ္တန္တိကမာတိကာနှင့် ဓာတုကထာ၊ အဘိဓာန်၊ အလင်္ကာ၊ ဆန်းဘာသာ အား ဆက်လက်ဖြေဆိုလျက်ရှိပြီး အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃ ရက်နေ့မှ ဧပြီလ ၉)ရက်နေ့ထိ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ စာမေးပွဲကာလအတွင်း စာဖြေဌာနကြီးကြပ်ဆရာတော်၊ သံဃာတော်(၁၂)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမြင့်မြတ်ဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လုံးဆိုင်ရာ ဥပထမ္ဘကအဖွဲ့တို့က စီစဉ်ကြီးကြပ်၍ စေတနာရှင်အလှူရှင်တို့ ထည့်ဝင်ဆက်ကပ်လှူဒါန်းကြပြီး ကျင်းပလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်