ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ငွေဆောင်မြို့အတွင်း သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/ မရှိ  ကွင်းဆင်းစစ်ဆေး

ငွေဆောင် မေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန် ပစ္စည်းများရောင်းချမှု ရှိ / မရှိ ဧရာဝတီတိုင်းဒေသကြီး၊ အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင့်ပိုင်နှင့် ဝန်ထမ်းများမှ ငွေဆောင်မြို့ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယမန်နေ့နံနက်(၈း၀၀) နာရီမှ စတင်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ငွေဆောင်ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာစည်သူဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင့်ပိုင်နှင့် အဖွဲ့၊ ငွေဆောင်နယ်မြေရဲစခန်း၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ငွေဆောင်မွေး/ကုဦးစီးဌာနမှ တာဝန်ခံဦးစည်သူဟိန်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ငွေဆောင်မြို့၊ မြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်() ဆိုင်နှင့် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်()ဆိုင်တို့အား ဝင်ရောက်စစ်ဆေး၍  စျေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ အဆိုပါစျေးဆိုင်()ဆိုင်မှ သက်တမ်းလွန် အစားအသောက်ကုန်ပစ္စည်းများ၊ သုံးစွဲရန် ခွင့်မပြုသော ဓာတုပစ္စည်းများပါဝင်၍ အန္တရာယ်ရှိသည့် ကုန်ပစ္စည်းများအား သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နေ့လည်(၁၃း၀၀)နာရီက မြို့အုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံဆိုင်() ဆိုင်မှ ပိုင်ရှင်များနှင့် တွေ့ဆုံ၍ သက်တမ်းလွန်နှင့် သုံးစွဲရန်ခွင့်မပြုသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန်နှင့် ထပ်မံရောင်းချပါက အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူခံရမည်ကို သိရှိကြောင်း ခံဝန်ကတိလက်မှတ်များ ရေးထိုးစေပြီး သိမ်းဆည်းရရှိသည့် သက်တမ်းလွန် အစားအသောက်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

R – 014

(ငွေဆောင်)