ငပုတော မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များပူးပေါင်း၍ မြို့နယ်အတွင်း သောက်ရေပြတ်လပ်မှု မရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်မှ စတင်၍ သောက်ရေလိုအပ်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများသို့ လိုက်လံဖြန့်ဝေပေးကြသည်။
အဆိုပါသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး သောက်ရေများ လိုက်လံဖြန့်ဝေပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများသည် ခရိုင်ဌာနပိုင် မီးသတ်ရေသယ်ယာဥ် (၁)စီးဖြင့် သောက်ရေလိုအပ်လျက်ရှိသော ဒီဒူးကုန်းကျေးရွာရှိ ပြည်သူများအား သောက်ရေပြတ်လပ်မှု မရှိစေရေးသောက်ရေများကို တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံဖြန့်ဝေပေးကြသည်။
အောင်သူ (ပြန်/ဆက်)