ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

ခရမ်း မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ယခုအခါအပူရှိန်ပြင်းထန်၍ သောက်သုံးရေကန်များ ခန်းခြောက်လာသဖြင့် ပြည်သူအများစုမှာ သောက်သုံးရေပြတ်လပ်မှုဖြင့် ကြုံတွေ့နေရသဖြင့် ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးမြတ်စိုးမိုးနှင့် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေလိုအပ်နေသည် ပြည်သူများထံ လှည့်လည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် ကျေးရွာဘုန်းတော်ကြီးကျောင်းများ သက်ကြီးရွယ်အိုများ၏နေအိမ်များသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ ကျေးရွာလူမူရေးအဖွဲ့ဝင်များက သောက်သုံးရေများအား လှည့်လည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )