မြင်းခြံမြို့၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ မေ ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က “ကလေးအလုပ်သမားဖြစ်စေသည့် အကြောင်းအရင်းများ၊ ကလေးသူငယ်များ၏ အခွင့်အရေး၊ ကလေးအလုပ်သမား မဖြစ်စေရေး ဆောင်ရန်/ရှောင်ရန်များ၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမား ဖြစ်သွားပါက ကျောင်းတက်ရန် အခွင့်အလမ်း ရွေးချယ်နိုင်မှု မရှိခြင်း၊ အချိန်မတန်မီ ကျောင်းမှ မဖြစ်မနေ ထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ကိုင်ရန် လိုအပ်ခြင်း၊ ကလေးအလုပ်သမားများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူမှုနှင့်အတူ လုပ်ဆောင်နိုင်ရေးတို့ကို” ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ ခရိုင် အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။                                     

ကျော်စွာ(မြင်းခြံ)