အမြို့မြို့အနယ်နယ်သတင်းများ

Apr 16,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဗဟိုမဏ္ဍပ်နှင့် ရွှေဝယ်ပိတောက်ရေကစားမဏ္ဍပ်များသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများ ပျော်ရွင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေခဲ့ကြောင်း သိရသည်။
Apr 16,2024
ယမန်နေ့(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်များ၌ ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများ၊ ရေကစားခြင်း၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရေကစားမဏ္ဍပ်များသို့ တက်ရောက်အားပေးခဲ့ကြသည်။
Apr 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ စိန်ဝတ်မှုံရပ်ကွက်မိသားစုများ၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သင်္ကြန်အတက်နေ့တွင် စိန်ဝတ်မှုံ(၁)လမ်း ဘုရားမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။  
Apr 16,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ကို မြို့နယ်အသီးသီးတွင် ​သင်္ကြန်အတက်​နေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ဧပြီလ ၁၆ ရက်​နေ့တွင် တန်ခူးရေစင် အတာသင်္ကြန်မဏ္ဍပ်တွင် ပျော်ရွှင်စွာ ​ရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။
Apr 16,2024
၁၃၈၅ခု မြန်မာ့ရိုးရာမဟာသကြင်္န်အတက်နေ့ ဧပြီ(၁၆)ရက် နံနက် (၉) နာရီက ညောင်ရွှေမြို့ မိုင်းသောက်အင်းအနီးရှိ ရေလယ်ဧည့်ခန်းမတွင် အင်းလေးရေပေါ်သကြင်္န် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများမှ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွဲကြကြောင်း သိရသည်။
Apr 16,2024
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက် ရာမညနိကာယ ဝီရိယပါရမီကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် ”အနန္တဇိန ဆုတောင်းပြည့်”စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
Apr 16,2024
၁၃၈၅ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို  ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်း ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိသူများအား ယနေ့ အတက်နေ့နံနက် (၁၀)နာရီက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။