နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် (၃၀/၂၀၂၄)ဖြင့် မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦး လွတ်မြောက်

မြင်းခြံ ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် (၃၀/၂၀၂၄)ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦးအား လွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂) နာရီ အချိန်က မြင်းခြံဗဟိုအကျဉ်းထောင်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယရဲမှူးကြီး ဦးထွန်းမြက ဩဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် မြင်းခြံအကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လွတ်မြောက်သွားသော အကျဉ်းသား၊ အကျဉ်းသူများအား ထောင်လွတ်လက်မှတ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်းလက်မှတ်၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်၊ လွတ်လူခရီးစရိတ်နှင့် စားစရိတ်များ ပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ဒုတိယရဲမှူးကြီး ဦးထွန်းမြ၊ မြင်းခြံအကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုနှင့် ပြစ်မှုဆိုင်ရာပိတ်သိမ်းခြင်းကြောင့် လွတ်မြောက်သွားသော အချုပ်သားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ပြစ်မှုဆိုင်ရာအမှုများအား ပိတ်သိမ်းပေးခြင်းကြောင့် လွတ်မြောက်သွားသော အချုပ်သား (၂၀) ဦးအား အကျဉ်းဦးစီးဌာနမှ ကားဂိတ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။        

ကျော်စွာ(မြင်းခြံ)