အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
Apr 25,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်၊ ယဉ်ကျေးလိမ္မာနှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းများကို ဆိပ်ဖြူ (အ.ထ.က) ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
Apr 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည်။
Apr 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
Apr 25,2024
ချောက်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းကို ယမန်နေ့နံနက် (၉) နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်(နောင်သင်္ခါ) အခြေခံပညာအလယ်တန်းကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
Apr 25,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ချမ်းအေးသာစံမြို့နယ်ရှိ လူရည်ချွန်စခန်းစုရပ်(မန္တလေး)(အမှတ်-၁၆၊ အခြေခံပညာအထက်တန်းကျောင်း)မှ နေပြည်တော်သို့ မော်တော် ယာဉ်များဖြင့်ထွက်ခွာသည့် ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သွားရောက် တွေ့ဆုံ၍ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။