စေတုတ္တရာမြို့နယ်၌ (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကျင်းပ

စေတုတ္တရာ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲသို့ ​‌စေတုတ္တရာမြို့နယ် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂) ဦး ပါဝင်ယှဉ်ပြိုင်ကြရာတွင် မူးယစ်ရန်စွယ်အန္တရာယ်ဟူသမျှ ရှောင်ရှားကြပုံ၊ မူးယစ်ဆေးဝါးကာကွယ် အသိပညာမြှင့်တင်ပေး၊ မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ၊ ဉာဏ်ရည်လည်းရှုံးလူညွှန်တုံး၊ စည်းလုံးတိုက်ပစ်ထိုမူးယစ်၊ လူဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့မူးယစ်စွဲသူကူညီစို့ အစရှိသည်ခေါင်းစဉ်ပါ သရုပ်ဖော်မှုပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျုတာပန်းချီများကို ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဆုရရှိကြမည် ကျောင်းသား၊ ကျောင်းသူများအား (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်တွင် ဆုများအသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)