ဒိုက်ဦး ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာ၊ ကွင်းအမှတ် (၄၇၉) ကွင်း၊ ဦးပိုင်အမှတ် ၇/၂၊ တောင်သူ ဦးဝင်းစိုးမှ ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးသင့်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့်နွေစပါး ရက်(၉၀)မျိုး တစ်ဆက်တည်း (၂၀)ဧက စိုက်ခင်းတွင် ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်/ကြပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း အစို (၁၅၆.၂၅)တင်း ထွက်ရှိပါကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်အတွင်း နွေစပါးစီမံကိန်းဧရိယာ (၃၁၅၁၂)ဧကလျာထားသော်လည်း မြေပြင်လက်ရှိ နွေစပါးစိုက် ဧရိယာ(၆၂၄၉၄)ဧကအပေါ် ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၁၀၅၆၀)ဧက ရိတ်သိမ်းရာ (၁)ဧကပျှမ်းမျှအထွက်နှုန်း (၁၁၅.၇၅)တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)