လက်ပံတန်း ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက် ထရောနစ်မဲပေးစက် MEVM (Myanmar Electronic Veling Machine-MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ယနေ့နံနက် (၉)နာရီက (၂)လမ်း၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ် မြေတာဝန်ခံ ဦးစိုးဦးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက (MEVM)စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ကျေးရွာအုပ်စု (၅၃) အုပ်စုမှ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြသည်။
စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အတွေ့အကြုံများအရ နောင်တွင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကိုလည်း ပေးခဲ့ကြသည်။ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)