အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကောင်းသောင်းမြို့တွင် (KG) ကျောင်သား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အ.လ.က(ခွဲ)ရွှေဇင်ယော်၁၊ အ.လ.က(ခွဲ)ရွှေဇင်ယော်၂၊ အ.ထ.က(ခွဲ)အေးရိပ်ငြိမ်၁၊ မူလွန်အေးရိပ်ငြိမ်(၂)၊ မူလွန် ရွှေပြည်သာ၂၊ အ.လ.က (၃)၊ အ.ထ.က(ခွဲ)၊ အ.လ.က(၁)၊ အ.ထ.က(၃)၊ အ.ထ.က(ခွဲ)၊ အ.လ.က(၄)ကျောင်း စသည့် အခြေခံပညာကျောင်း (၉) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Sep 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသ‌ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန၌ ပြုလုပ်သည်။
Sep 17,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က (၁) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 17,2025
မန္တလေးတိုင်း‌ဒေသကြီး မြင်းခြံမြို့၌ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၁၆ ရက်နေ့  နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
Sep 17,2025
‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က ပေါက်‌‌တောကျောင်းတွင် သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ (၉း၃၀)နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 17,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ၊ Biometric နှင့် အိမ်ထောင်စုစာရင်းကောက်ယူခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ဇရပ်ကွင်းကျေးရွာ အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 17,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၁၀) နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။