တောင်ငူမြို့၌ အခွန်ပညာပေး ဟောပြောပွဲ ကျင်းပ

တောင်ငူ မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ The City Gift shop (3D ရုပ်ရှင်ရုံ)၌  တောင်ငူခရိုင် အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများ ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ အခွန်အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

အဆိုပါ အသိပညာပေးပွဲတွင် တောင်ငူခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်နှင့် ရွှေလုပ်ငန်းရှင်များ၊ အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တုရောင်းဝယ်သူလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ စုစုပေါင်း (၃၀၀) ဦးခန့်အား တောင်ငူမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမြင့်က ပြေစာများအပေါ် အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရမည့် လုပ်ငန်းအမျိုးအစားများနှင့် ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များကို ဟောပြောဆွေးနွေးသည်။

ဇော်ကိုကို (တောင်ငူ)