Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ
Sep 17,2025
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) အ ခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် သုမင်္ဂလာဈေး (ညံတောဈေး) တည်ဆောက်ရေးစီမံကိန်းနှင့် ဆင်လမ်းရေလှောင်တမံရေပိုလွှဲ (၂) ပေမြှင့်တင်ခြင်း လုပ်ငန်းများ…
Sep 17,2025
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါပြီး စက်တင်ဘာ၁၆ရက် မွန်းလွဲပိုင်းက သုမင်္ဂလာဈေး (ညံတောဈေး) တည်ဆောက်ရေးစီမံကိန်းနှင့် ဆင်လမ်းရေလှောင်တမံရေပိုလွှဲ (၂) ပေ မြှင့်တင်ခြင်းလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ငရုပ်ခြောက် ၁၂၈၅ ဧက လျာထားစိုက်ပျိုးမည်
Sep 17,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ငရုပ်ခြောက် ၁၂၈၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အမှတ်(၁၇) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ
Sep 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်(၁၀) နာရီက အမှတ်(၁၇)အခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ်အတွက် အမှိုက်ပုံးအစုံ (၅၀) ပေးအပ်ပွဲ တက်ရောက်
Sep 17,2025
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများလိုက်ပါပြီး စက်တင်ဘာ၁၆ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဦးလွင်မြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပေးသည့် အမှိုက်ပုံး အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင်နှင့် အနီရောင် ၄ မျိုးပါ အစုံ ၅၀ အား ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် အဖွဲ့အစည်းများထံသို့ ခွဲဝေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်
Sep 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မာဃရပ်ကွက်အတွင်းရှိပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကုသပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၌ Smart Card ပြုလုပ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မှော်ဘီခရိုင်မှူးနှင့် မှော်ဘီမြို့နယ်ဦးစီးမှူးတို့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မှော်ဘီမြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်နုနုစန်းနှင့် ဝန်ထမ်း(၅)ဦးတို့က မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း(ငြိမ်း)အသက်ကြီးရွယ်အိုပင်စင်စားများနှင့် ပင်စင်လာရောက်ထုပ်ယူသူများကို UID နံပါတ်များ ဆက်လက်ထုပ်ပေးဆောင်ရွက်ခြင်းနှင့် အခြားလိုအပ်သည့် Biometric ကောက်ယူခြင်း၊ Smart Card များ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေး
Sep 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ခြောက်အိမ်တန်းကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
490
Page
491
Page
492
Page
493
Current page
494
Page
495
Page
496
Page
497
Page
498
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department