လက်ပံတန်း မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြု့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက် မိုးအိုင်ကျေးရွာလမ်း ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မေ ၁၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယင်းသို့ ကွင်းဆင်းကြည့်ရှုရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အင်ဂျင်နီ ယာချုပ် (ပဲခူးတိုင်းတာဝန်ခံ)ဦးထွန်းဝေ၊ ခရိုင်/မြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးအိုင်ကျေးရွာအဝင်လမ်း ဂဝံခင်းခြင်း (၀/၁.၈၂မိုင်) ဆောင်ရွက်နေ့မှုကို စစ်ဆေးကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မျိုးမင်းထွန်း