ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့၌ (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်း အခမ်းအနားကျင်းပ

ညောင်လေးပင် မေ ၆

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ မီးသတ်ဦးစီးဌာန၌ ယမန်နေ့ နံနက်(၆)နာရီက (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဘုရားအမှူးရှိသော သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မေလ ၅ ရက်တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ပိန်းဇလုပ်နယ်မီးသတ်စခန်းရှိ အရန်/ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်အမျိူးသမီးများ စုပေါင်း၍ ဈေးသရုပ်ပြခြင်း၊ လမ်း‌ရေဖြန်းခြင်း၊ အသက်(၇၀)အထက် တပ်ဖွဲ့ဝင်များအား ကန်တော့ခြင်း၊ စခန်းဘေးပတ်ဝန်းကျင်ရှိ မိသားစုဝင်များနှင့် လမ်းသွားလမ်းလာများအား ထမင်း၊ သီးစုံပဲကုလားဟင်း၊ ငါးခြောက်ကြော်၊ ငါးပိထောင်း၊ ဘဲဥဟင်း၊ ဇီး/ မကျည်းဖျော်ရည်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)