ပေါက်ခေါင်း မေ ၆
မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက် ၆ နာရီချိန်က သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်စခန်း၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်နှင့် တပ်ဖွဲ့ဝင်များက သံဃာတော် (၃) ပါး ပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးပြီး ရေဂါလံ ၈၀၀ ကို လှူဒါန်းပေးခြင်းဖြင့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)