ကွန်ဟိန်းမြို့၌ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၇) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကွန်ဟိန်း မေ ၆

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကွန်ဟိန်း) ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲခန့်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ စစ်ဗျူဟာအခြေချ (ကွန်ဟိန်း)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခင်းကျင်းပြသထားသည့် ယခင်သင်တန်းသူများ၏ ခေတ်မီဒီဇိုင်းလက်ရာများနှင့် Handmade ပစ္စည်းများအား ကြည့်ရှု့အားပေးပြီး သင်တန်းကျောင်းရှိ သင်တန်းသူအိပ်ဆောင်၊ စားရိပ်သာဆောင်နှင့် မော်တာစက်ဆောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး  အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်