သာစည်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

သာစည် မေ ၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့မိန်းခွန်းအား ဖတ်ကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြင်ပသင်တန်းတက်ရောက်ရာ၌ ပထမဆုရရှိခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်အားလည်းကောင်း၊ တစ်နှစ်အတွင်းဝတ်စားဆင်ယင်မှုအကောင်းဆုံးဆုရရှိသည့် တပ်ဖွဲ့ဝင်အားလည်းကောင်း၊ နေအိမ်လိုင်းခန်းသန့်ရှင်းမှုအကောင်းဆုရရှိသူအားလည်းကောင်း ဆုများချီးမြှင့်ပေးသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုငွေများပေးအပ်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက လက်ခံရယူသည်။ ထို့နောက် တပ်ဖွဲ့ဝင်များက ဆီသယ်ယာဉ်မီးလောင်မှု မီးငြှိမ်းသတ်နည်းကို သရုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်