Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်
May 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်
May 06,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ Grammarကိုအခြေခံမှစ၍ သင်ယူတတ်မြောက်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာအခြေခံသင်တန်းကို ယနေ့နေ့လယ် (၁) နာရီအချိန်က စတင်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်ကြားပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူများ သွားလာရေးအဆင်ပြေစေရန် မင်းဘူးမြို့ရှိ အဓိကမိန်းလမ်းမကြီးကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်
May 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်း၌ အများပြည်သူအသုံးပြုလျက်ရှိသော မင်းဘူးမြို့ရှိ အဓိကမိန်းလမ်းမကြီးကို ပြည်သူများသွားလာရေး လွယ်ကူချောမွေ့အဆင်ပြေစေရန် ယခင်ကတ္တရာလမ်းပိုင်းအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် နဝကမ္မအလှူငွေများ သွားရောက်လှူဒါန်း
May 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ အမှတ်(၃)ရပ်ကွက်၊ ၈ ဖြတ်လမ်းရှိ ညောင်ငူပရိယတ္တိ စာသင်တိုက်သို့ ယမန်နေ့ နေ့လည်ပိုင်းက နဝကမ္မအလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ အန္တရာယ်ဖြစ်နိုင်ခြေသတိပြုခြင်းနှင့် ဘေးကင်းစွာနေထိုင်ခြင်းအကြောင်း အသိပညာပေးဟောပြော
May 06,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက အန္တရာယ်ဖြစ်နိုင်ခြေသတိပြုခြင်းနှင့် ဘေးကင်းစွာနေထိုင်ခြင်းအကြောင်း အသိပညာပေးဟောပြောပွဲကို အ.ထ.က(မြို့မ) ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရေး ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိ
May 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများပိုမိုရရှိစေရန် လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ (Healthly Life Style) အကြောင်း၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် သင်တန်းပို့ချမှုအား ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၈) ၊ ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ် (၂၀) သင်တန်း ဖွင့်ပွဲကျင်းပ
May 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီး ဌာန၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်-၈၊ ရိုးရာဂျပ်ခုတ်သင်တင်တန်းအမှတ်စဉ်-၂၀ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ယခုနှစ် နွေစပါး ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးစီး
May 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါး ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4924
Page
4925
Page
4926
Page
4927
Current page
4928
Page
4929
Page
4930
Page
4931
Page
4932
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department