လဟယ် မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်-၈၊ ရိုးရာဂျပ်ခုတ်သင်တင်တန်းအမှတ်စဉ်-၂၀ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်သော အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာတက်မြောက်စေရန်အတွက် မြန်မာနိုင်ငံအတွင်းမှာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များထဲမှ အသိပညာရှင်၊ အတက်ပညာရှင်များ ပေါ်ပေါက်လာစေရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(၂)ခုကို ရန်ကုန်နှင့် စစ်ကိုင်းမြို့တို့တွင် ဖွင့်လှစ်ပေးခဲ့သည့်အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၈) ကျောင်း၊ စက်မှုလက်မှုသင်တန်းကျောင်း(၉)ကျောင်း၊ အိမ်တွင်းမှုကျောင်း (၄၇) ကျောင်းကို ရည်ရွယ်ချက် (၅) ချက်နှင့်အညီ ဖွင့်လှစ်ပြီးအိမ်တွင်းမှုပညာရပ်များကို သင်ကြားပေးလျှက်ရှိပါ ကြောင်း၊ အဆိုပါသင်တန်းမှ ထူးချွန်စွာအောင်မြင်သော သင်တန်းသူတစ်ဦးကိုလည်း အပ်ချုပ်စက်တစ်စုံထောက်ပံ့ပေးလျှက်ရှိပြီး လဟယ်အိမ်တွင်းမှုသင်တန်းကျောင်းကို ၂၆-၁၂-၂၀၀၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၁) မှ (၃၅) အထိ သင်တန်းသူ (၂၆၀)ဦး၊ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၁) မှ (၃၉) အထိ (၈၂၈)ဦး၊ ရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁)မှ (၁၉) အထိ (၁၃၃)ဦး၊ သိုးမွေးစက်ဆွဲအမှတ်စဉ်(၁)မှ(၁၇)အထိ (၈၇)ဦး ၊ အဆင့်မြင့်
အိမ်တွင်းမှုစက်ချုပ်သင်တန်း (၁) မှ (၇)အထိ (၁၈၉)ဦး စုစုပေါင်း သင်တန်းသူ(၁၄၉၉)ဦးတို့ကို မွေးထုတ်သင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိ သူများသည် သင်တန်းကျောင်းအုပ်နှင့်နည်းပြဆရာမများ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလ(၂၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
လဟယ်မြို့နယ် (ပြန်/ဆက်)