ကျိုက်လတ် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ အမှတ်(၃)ရပ်ကွက်၊ ၈ ဖြတ်လမ်းရှိ ညောင်ငူပရိယတ္တိ စာသင်တိုက်သို့ ယမန်နေ့ နေ့လည်ပိုင်းက နဝကမ္မအလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးဇေယျာမင်း ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များက ညောင်ငူပရိယတ္တိ စာသင်တိုက်ဆရာတော်အား ပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနှင့် နဝကမ္မအလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)