ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်

ညောင်တုန်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ မီးဘေးလုံခြုံရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့  မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)