စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ဟင်္သာတ မေ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးဌာန လက်အောက်ခံ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဖြတ်တာ ဆောင်ရွက်နေသည့် လုပ်ငန်းနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူ များမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးမှ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုအပေါ်  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍  ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် ဟင်္သာတမြို့၊ တာကလေး ရပ်ကွက်၊ နတ်မော်လမ်းရှိ မြို့တော်ခန်းမ၌ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိဌာနများမှ ဝန်ထမ်း များ၊ ခရိုင်အဆင့်၊မြို့နယ်အဆင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် တို့မှ လမ်းညွှန်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ ကြေးတိုင်နှင့် မြေစာရင်းညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်မှ မိမိတို့ဦးစီးဌာနများ၏ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဥ်များကို ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)