ညောင်ဦး မေ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသော နေရာများသို့ ညောင်ဦးခရိုင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်နေ ပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် အမှတ်(၄)၊ သီရိပစ္စယာရပ်၊ ရာဇသင်္ကြန်(၂)လမ်းထောင့် ရွှေပြည်ဝင်းဆီစက်၊ အမှတ်(၃) အောင်သိဒ္ဓိရပ်ကွက်၊ ကမ္ဘောဇဘဏ်လမ်း၊ ဆန်းရွှေဝါဆီဆိုင်၊ အမှတ်(၃) ဇေယျဝတီရပ်ကွက်၊ BT Restaurant စားသောက်ဆိုင်ရှေ့၊ တက်သိမ်းမြောက်ရပ်ကွက်၊ မြမြင့်မိုရ်ဆေးဆိုင်လမ်း၊ အမှတ်(၃)၊ ပြည်တော်အေးရပ်ကွက်၊ (၂)လမ်း၊ အောင်မင်္ဂလာရပ်ကွက်စသည့် နေရာ(၅)နေရာတို့တွင် စားအုန်းဆီများအား တစ်ပိဿာ (၅၆၀၀)ကျပ်နှုန်းဖြင့် (၁၁၇)ကြိမ်မြောက် ရောင်းချပေးလျက်ရှိရာ နေရာများသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ စားသုံးဆီရောင်းချပေးနေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း